Logo

Get the app

အိမ်မှာပဲနေပါ။​ ဖုန်းနဲ့အင်တာနက်ရှိရင် ရပါပြီ

NUGPayဟာ မြန်မာပြည်သူများအတွက် မိတ်ဆက်ပေးလိုက်သော ငွေပေးချေမှု စနစ်သစ်ဖြစ်ပြီး အချိန်မရွေး နေရာမရွေး အသုံးပြုနိုင်ပါသည်။ NUGPayကို စတင်အသုံးပြုရန်အတွက် NUGPay app ကို Google Play or App Store တို့မှာ ဒေါင်းလုပ်လုပ်ပြီး အခုပဲ မှတ်ပုံတင်လိုက်ပါ။

Mockup

Get the App

NUGPay နှင့် အတူ တော်လှန်ရေးမှာ ပါဝင်ပါ။

Download on the App StoreGet it on Google Play

မြန်မာနိုင်ငံ၏ ငွေကြေးဝန်ဆောင်မှု နည်းပညာအသစ်

မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရမှ ဦးစီးပြီး ထုတ်လုပ်ထားသော မြန်မာ ပထမဆုံး Blockchain နည်းပညာ အခြေပြု ဒစ်ဂျစ်တယ်ငွေကြေး ဖြစ်ပါသည်။ NUGPay ကိုသုံးစွဲပြီး ကျွန်ုပ်တို့အတူတကွ သမိုင်းသစ် ရေးကြရအောင်

Scan ဖတ်ပြီးငွေလွှဲလိုက်ပါ

QR code ကို scan ဖတ်လိုက်ရုံနဲ့ သင်ချစ်ရတဲ့သူတွေဆီ လုံခြုစိတ်ချစွာ ငွေလွှဲနိုင်ပါပြီ။ သင်နှစ်သက်ရာ ငွေကြေးကို DMMK သို့ပြောင်းလဲပြီး ငွေပေးချေခြင်း လုပ်ငန်းများကို လုပ်ဆောင်လိုက်ပါ။

NUGPay နဲ့ တော်လှန်ပါ

ပြည်သူမှ ဆင်းသက်လာတဲ့ တော်လှန်ရေးမှာ ပြည်သူက အနိုင်ရစမြဲပါ။ NUGPayဟာ မြန်မာပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှု၊ ရန်စွမ်းသတ္တိနဲ့ ခံနိုင်ရည်ရှိမှုကို ပြသဖို့ ပေါင်းကူးတံတား တစ်ခုအနေနဲ့ တည်ရှိနေမှာပဲ ဖြစ်ပါသည်။

NUGPay နဲ့ဆို လုံခြုံပါသည်

အခုလို အခြေအနေမှာ သင့်ရဲ့ လုံခြုံရေးဟာ အရေးအကြီးဆုံးပါ။ NUGPay မှာ အသုံးပြုထားတဲ့ သင့်ရဲ့ ငွေကြေးဆိုင်ရာ အချက်အလက်တွေ၊ ကိုယ်ပိုင် အချက်အလက်တွေကို ကျွန်ုပ်တို့ရဲ့ နည်းပညာနဲ့ ကျင့်ဝတ်ဆိုင်ရာ လုံခြုံရေး လုပ်ထုံးလုပ်နည်းတွေနဲ့ အကာအကွယ်ပေးထားပါသည်။ ထို့အပြင် NUGPay ဟာ Blockchain နည်းပညာကို အသုံးပြုထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဒစ်ဂျစ်တယ် ငွေကြေးကို အသုံးပြုထားတဲ့အတွက် အခြားလွှမ်းမိုးမှု လုံးဝမရှိပဲ လွတ်လပ်တဲ့ ငွေပေးချေမှုစနစ်တစ်ခုပဲ ဖြစ်ပါသည်။

မေးလေ့ရှိသော မေးခွန်းများနှင့် အဖြေများ

NUGPay Application ကို ဘယ်ဖုန်းအမျိုးအစားဖြင့် အသုံးပြုနိုင်သလဲ?

NUGPay အား Android နှင့် iOS စနစ်သုံးဖုန်းများတွင် အသုံးပြုနိုင်ပါသည်။

NUGPay Applicationအတွက် အသုံးပြုခပေးရန် လိုအပ်ပါသလား?

NUGPay Application အတွက် အသုံးပြုခပေးရန် မလိုအပ်ပါ။ သို့သော် ပထမဦးဆုံး အကြိမ်အဖြစ် အကောင့်ဖွင်ရာတွင် Activation ပြုလုပ်ရန်အတွက် မြန်မာငွေကျပ် ၅၀၀၀ကျပ် ကျသင့်မည် ဖြစ်ပါသည်။ Activation Top Up Card တခုလျှင် မြန်မာငွေ ၁၀၀၀၀ ကျပ် ဖြင့်ဝယ်ယူနိုင်ပြီး Activation ပြုလုပ်နိုင်ပါသည်။ လက်ကျန်ငွေ ၅၀၀၀ ကို အသုံးပြုသူမှ ဆက်လက် သုံးစွဲနိုင်မည် ဖြစ်ပါသည်။

NUGPay Application Activation က တခါ Activate လုပ်ပြီးရင် အချိန်ဘယ်လောက်ထိ အသုံးပြုနိုင်မှာလဲ?

Activation တခါပြုလုပ်ပြီးလျှင် တနှစ်အထိ အသုံးပြုနိုင်မည် ဖြစ်ပါသည်။

NUGPay ဖြင့် ငွေလွှဲခြင်းနှင့် ငွေထုတ်ခြင်းအတွက် ဝန်ဆောင်ခ ပေးရမှာပါလား?

NUGPay မှ NUGPay သို့ ငွေလွှဲပြောင်းခြင်းများအားလုံးအတွက် အခမဲ့ဖြစ်ပြီး ငွေပြန်ထုတ်ယူရာတွင် အသုံးပြုသူ၏ ကိုယ်ပိုင်ဘဏ်အကောင့် (Third Party Bank) ပေါ်တွင် မူတည်ပြီး သုံးစွဲခကျသင့်မည် ဖြစ်ပါသည်။ ကျသင့်ငွေသည် Third Party Bank မှ ကောက်ခံငွေသာ ဖြစ်ပြီး NUGPay နှင့် သက်ဆိုင်ခြင်းမရှိပါ။

NUGPay ဖြင့် ငွေဘယ်လိုလွှဲရမလဲ?

NUGPay Wallet အမည် သို့မဟုတ် Address သို့မဟုတ် QR Code ကို scan ဖတ်ပြီး ငွေလွှဲပေးပို့နိုင်ပါသည်။ ငွေလွှဲပေးပို့ရာတွင် လုံခြုံရေး PIN နံပါတ် ၆လုံးကို ရေးသွင်းရမည် ဖြစ်ပါသည်။ NUGPay အချင်းချင်းငွေလွှဲမှုများမှာ အခမဲ့ဖြစ်ပါသည်။

NUGPay အကောင့်ထဲကို Top Up ပြုလုပ်ချင်ပါသည်။ ဘယ်လိုနည်းလမ်းနဲ့ မြန်မာကျပ်ကနေ လဲလှယ် ပြီး Top Up လုပ်လို့ရမလဲ?

သက်ဆိုင်ရာ Authorized Agent များထံ ဆက်သွယ်ပြီးနောက် Authorized Agent ၏ ဘဏ်အကောင့်ထဲသို့ ကျသင့်ငွေကိုပေးသွင်းပါ။ ထို့နောက်မိမိ၏ NUGPay Wallet address (သို့မဟုတ်) QR Code ကို Authorized Agent သို့ပေးပြီး Top Up ပြုလုပ်နိုင်ပါသည်။ ငွေပေးချေမှုများကို ပြုလုပ်ပြီး မှသာ one time Top Up Code ကိုရရှိနိုင်မှာဖြစ်ပါသည်။

အခြားမေးခွန်းများ

ဆက်သွယ်ရန်

NUGPay အကြောင်း သိလိုသည်များ မေးမြန်းရန် NUGPay Hotline သို့ ဆက်သွယ်နိုင်ပါသည်။ ကျွန်ုပ်တို့နှင့် ပူးပေါင်းဆောင်ရွက်လိုသူများ [email protected] အီးမေးလ်သို့ ဆက်သွယ်နိုင်ပါသည်။