Logo

Get the app

ကျွန်ုပ်တို့ အကြောင်း

အမျိုးသားညီညွတ်ရေးအစိုးရသည် လက်ရှိ ငွေပေး၊ ငွေယူစနစ်၏ အရည်အသွေးနှင့် အများပြည်သူ သုံးစွဲသူများ၏ လုံခြုံမှုမရရှိခြင်းပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK)ကို နိုင်ငံတော်အဆင့် ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

လက်ရှိကြုံတွေ့နေရသော မြန်မာပြည်သူများ၏ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများကို ဖြေရှင်းရန် အတွက် အမှီအခိုကင်းသော၊ လုံခြုံသော၊ လွယ်ကူသော၊ နိုင်ငံတကာ အဆင့်မှီသော ငွေကြေးစနစ်တခု အကောင်အထည်ဖော်ရန် ရည်ရွယ်ပါသည်။ ထို့အတူလက်ရှိအသုံးပြုနေသော မြန်မာကျပ်ငွေကို လွယ်ကူ စိတ်ချ လုံခြုံစွာ ပေးချေမှုများ လုပ်ဆောင်နိုင်ရန်လည်း ရည်ရွယ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနသည် ဒစ်ဂျစ်တယ်မြန်မာကျပ် နှင့် NUGPay mobile wallet တို့ကို စတင်မိတ်ဆက်လိုက်ပါသည်။ DMMK လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတခုအဖြစ် NUGPay သည် မြန်မာလူထုအတွက် ထူးခြားသော ဖြေရှင်းနည်း တခုအသွင်ဖြင့် ငွေကြေးဝန်ဆောင်မှုစနစ်အသစ်အဖြစ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

NUGPay သည် မြန်မာပြည်သူတို့၏ သတ္တိ၊ လုံ့လ၊ ဝီရိယ ရှိမှု၊ ကြံ့ကြံ့ခံနိုင်မှု၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီအား လိုလားတောင့်တမှုတို့ကိုဖော်ပြသော ပြည်သူ့တော်လှန်ရေး၏ ယာဉ်ရထားတစ်စင်း ဖြစ်လာစေရန် ရည်ရွယ်ပါသည်။