Logo

Get the app

ပိုမိုသိရှိရန်

အောက်ပါ အမေးအဖြေများတွင် သိသင့်သိထိုက်သည်များ ပါရှိပါသည်။ ထပ်မံသိရှိလိုပါက NUGPay hotline သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ Customer Service ကိုယ်စားလှယ်များမှ ဝန်ဆောင်မှုပေးရန် အသင့်ရှိပါသည်။

မေးလေ့ရှိသော မေးခွန်းများနှင့် အဖြေများ

NUGPay Application ကို ဘယ်ဖုန်းအမျိုးအစားဖြင့် အသုံးပြုနိုင်သလဲ?

NUGPay အား Android နှင့် iOS စနစ်သုံးဖုန်းများတွင် အသုံးပြုနိုင်ပါသည်။

NUGPay Applicationအတွက် အသုံးပြုခပေးရန် လိုအပ်ပါသလား?

NUGPay Application အတွက် အသုံးပြုခပေးရန် မလိုအပ်ပါ။ သို့သော် ပထမဦးဆုံး အကြိမ်အဖြစ် အကောင့်ဖွင်ရာတွင် Activation ပြုလုပ်ရန်အတွက် မြန်မာငွေကျပ် ၅၀၀၀ကျပ် ကျသင့်မည် ဖြစ်ပါသည်။ Activation Top Up Card တခုလျှင် မြန်မာငွေ ၁၀၀၀၀ ကျပ် ဖြင့်ဝယ်ယူနိုင်ပြီး Activation ပြုလုပ်နိုင်ပါသည်။ လက်ကျန်ငွေ ၅၀၀၀ ကို အသုံးပြုသူမှ ဆက်လက် သုံးစွဲနိုင်မည် ဖြစ်ပါသည်။

NUGPay Application Activation က တခါ Activate လုပ်ပြီးရင် အချိန်ဘယ်လောက်ထိ အသုံးပြုနိုင်မှာလဲ?

Activation တခါပြုလုပ်ပြီးလျှင် တနှစ်အထိ အသုံးပြုနိုင်မည် ဖြစ်ပါသည်။

NUGPay ဖြင့် ငွေလွှဲခြင်းနှင့် ငွေထုတ်ခြင်းအတွက် ဝန်ဆောင်ခ ပေးရမှာပါလား?

NUGPay မှ NUGPay သို့ ငွေလွှဲပြောင်းခြင်းများအားလုံးအတွက် အခမဲ့ဖြစ်ပြီး ငွေပြန်ထုတ်ယူရာတွင် အသုံးပြုသူ၏ ကိုယ်ပိုင်ဘဏ်အကောင့် (Third Party Bank) ပေါ်တွင် မူတည်ပြီး သုံးစွဲခကျသင့်မည် ဖြစ်ပါသည်။ ကျသင့်ငွေသည် Third Party Bank မှ ကောက်ခံငွေသာ ဖြစ်ပြီး NUGPay နှင့် သက်ဆိုင်ခြင်းမရှိပါ။

NUGPay ဖြင့် ငွေဘယ်လိုလွှဲရမလဲ?

NUGPay Wallet အမည် သို့မဟုတ် Address သို့မဟုတ် QR Code ကို scan ဖတ်ပြီး ငွေလွှဲပေးပို့နိုင်ပါသည်။ ငွေလွှဲပေးပို့ရာတွင် လုံခြုံရေး PIN နံပါတ် ၆လုံးကို ရေးသွင်းရမည် ဖြစ်ပါသည်။ NUGPay အချင်းချင်းငွေလွှဲမှုများမှာ အခမဲ့ဖြစ်ပါသည်။

NUGPay အကောင့်ထဲကို Top Up ပြုလုပ်ချင်ပါသည်။ ဘယ်လိုနည်းလမ်းနဲ့ မြန်မာကျပ်ကနေ လဲလှယ် ပြီး Top Up လုပ်လို့ရမလဲ?

သက်ဆိုင်ရာ Authorized Agent များထံ ဆက်သွယ်ပြီးနောက် Authorized Agent ၏ ဘဏ်အကောင့်ထဲသို့ ကျသင့်ငွေကိုပေးသွင်းပါ။ ထို့နောက်မိမိ၏ NUGPay Wallet address (သို့မဟုတ်) QR Code ကို Authorized Agent သို့ပေးပြီး Top Up ပြုလုပ်နိုင်ပါသည်။ ငွေပေးချေမှုများကို ပြုလုပ်ပြီး မှသာ one time Top Up Code ကိုရရှိနိုင်မှာဖြစ်ပါသည်။

NUGPay Wallet အချင်းချင်း နေ့စဉ် ငွေလွှဲနိုင်သောပမာဏ ကန့်သတ်ထားပါသလား?

ကန့်သတ်ထားခြင်းမရှိပါ။

NUGPay Wallet အချင်းချင်း လစဉ်ငွေလွှဲရာတွင် transaction တခုတွင် အများဆုံး / အနည်းဆုံး လွှဲပြောင်းနိုင်သော ပမာဏ ကန့်သတ်ထားပါသလား?

ကန့်သတ်ထားခြင်းမရှိပါ။

NUGPay Wallet အချင်းချင်း လစဉ်ငွေလွှဲရာတွင် transaction တခုတွင် အများဆုံး / အနည်းဆုံး လွှဲပြောင်းနိုင်သော ပမာဏ ကန့်သတ်ထားပါသလား?

ကန့်သတ်ထားခြင်းမရှိပါ။

Phone ပြောင်းလိုက်ပြီး အကောင့်ထဲ ပြန်ဝင်ချင်ရင် ဘယ်လိုဝင်ရမလဲ?

အကောင့်ဖွင့်စဉ်က ရရှိခဲ့တဲ့ လျှို့ဝှက်စကားစု ၁၂လုံး (Login Key) ရှိပါက မည်သည့်ဖုန်းတွင်မဆို အကောင့်ပြန်လည်ဝင်ရောက်နိုင်မှာဖြစ်ပါသည်။

NUGPay မှတဆင့် NUGPay account မရှိတဲ့သူကို ငွေလွှဲလို့ရနိုင်ပါသလား?

မရနိုင်သေးပါ။ NUGPay account ရှိသူအချင်းချင်းသာလျှင် ငွေလဲခြင်းကို ပြုလုပ်နိုင်ပါသည်။